လ - ဇွန် 2019

စွဲလမ်းမှုများမှ လွတ်မြောက်ခြင်း (နိဒါန်း)

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံ ပီနန်မြို့ရှိ အိမ်တစ်အိမ်တွင် လူငယ်တစ်ဦးသည် သူ့ကွန်ပျူတာမှန်သားပြင်ရှေ့ ကီးဘုတ်ပေါ် မှောက်လျက်သေဆုံးနေသည့် ဝမ်းနည်းစရာ သတင်းကို သတင်းစာများ၌ ဖော်ပြထားသည်ကို တွေ့ရသည်။

သူသည် ဆိုက်ဘာကဖေး၌ ၁၅ နာရီကျော် ဂိမ်းကစားနေရာမှ နှလုံးဖောက်ပြန်ပြီး…

အချည်းနှီးသောအရာများကို မီးရှို့ဖျက်ဆီးပစ်ခြင်း

၁၄၉၇ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဘုန်းတော်ကြီးဂျီရိုလာမာစဗွန်နာရိုလာသည် မီးပုံတစ်ခုကို မီးစတင်မွှေးလိုက်သည်။ လူများအား အပြစ်ပြုလုပ်မိစေရန် သို့မဟုတ် ဘာသာရေး ကိုးကွယ်မှုတာဝန်များကို လျစ်လျူရှုမိစေရန် ဆွဲဆောင်သည့် အနုပညာလက်ရာများ၊ အလှအပပစ္စည်းများ၊ စက်ပစ္စည်းများနှင့် အဝတ်အစားများကို ထိုဘုန်းတော်ကြီးနှင့် သူ၏ နောက်လိုက်များက လပေါင်းများစွာ စုဆောင်းပြီး ထိုပွဲအတွက် ပြင်ဆင်ကြသည်။ သတ်မှတ်သောနေ့ရောက်လျှင် ထောင်ပေါင်းများစွာသော ထိုအချည်းနှီးသောပစ္စည်းများကို အီတလီနိုင်ငံ ဖလောရင့်စ် ပြည်သူ့ရင်ပြင်တွင် စုပုံ၍ မီးရှို့ပစ် ကြသည်။ ဤအဖြစ်အပျက်သည် အချည်းနှီးသော အရာများအား မီးတင်ရှို့ခြင်း - Bonfire of the Vanities အဖြစ် လူသိရှင်ကြား အသိအမှတ်ပြုလာကြသည်။

“ထို့ကြောင့် လက်ယာ မျက်စိဖြစ်သော်လည်း သင့်ကို မှားယွင်းစေလျှင် ထိုမျက်စိကို ထုတ်ပစ်လော့။... ထိုနည်းတူ လက်ယာလက်ဖြစ်သော်လည်း သင့်ကို မှားယွင်းစေလျှင် ထိုလက်ကို ဖြတ်ပစ်လော့” (မ ၅း၂၉-၃၀)…

မိမိအတွက်ဖြစ်စေခြင်း

ဒုစရိုက်ကိုပြုကျင့်ပြီး အပြစ်၌ ကျင်လည်ငြိတွယ်နေသူများအတွက် မျှော်လင့်ချက်ရှိပါသည်။ “ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန် ဖြစ်ကြ၏ (ယော ၈:၃၄)” ဟု သခင်ယေရှုက ထောက်ပြခဲ့သော်လည်း သခင်၌ ကျွန်ုပ်တို့ကို လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်သောတန်ခိုး ရှိသည်။ သခင်ဘုရားသည် ကျွန်ုပ်တို့ကိုလွှတ်လျှင်…

သခင်ယေရှု၌ အောင်မြင်ခြင်း

ကျွန်ုပ်တို့အတွင်းရှိ အမိုက်မှောင်ကို သခင်ယေရှုက သူ၏အလင်းနှင့် ဖယ်ရှားပေးသည်။ကျွန်ုပ်တို့၏မူလအနေအထားမှာ ကျွန်ုပ်တို့သည် ဘုရားသခင်၊ အခြားလူများနှင့် မိမိကိုယ်တိုင်ထံမှ ကွဲကွာနေသည်။ ဘုရားသခင်ကို ဆန့်ကျင်အာခံသည့်အပြစ်ကြောင့် ပေးဆပ်ရန်တာဝန် ရှိသည်။ သို့သော် သင်နှင့်ကျွန်ုပ်၏အပြစ်ကြောင့် ကားတိုင်ပေါ်အသေခံခဲ့သူ သခင်ယေရှုသည် ဘုရားသခင်၏ခွင့်လွှတ်ခြင်း၊ ဘုရားသခင်နှင့်…

စွဲလမ်းမှုမှလွတ်မြောက်ခြင်း

လွတ်မြောက်မှုလမ်းကြောင်းသို့ရောက်ရှိရန် လူတစ်ဦးအနေဖြင့် သူ၌ အမှန်တကယ် ပြဿနာရှိနေပြီး အကူအညီလိုအပ်ကြောင်းကို ဝန်ခံရန် လိုအပ်သည်။၎င်းသည် အစဖြစ်သည်။ မ၀န်ခံဘဲ ငြင်းဆိုခြင်းက မည်သည့်အကျိုးမျှမရှိပါ။ စွဲလမ်းမှုပြင်းပြသည်ထက် ပြင်းပြလာခြင်း သည် သူ၌ စွဲလမ်းမှုနှင့်ပတ်သက်ပြီး မည်သည့်ပြဿနာမှမရှိ၊ သူ့ကိုယ်သူ ထိန်းချုပ်နိုင်သေးသည်ဟု…

စွဲလမ်းမှုအပေါ် ဝိညာဉ်ရေးရာရှုထောင့်မှအမြင်

အသက်ဝိညာဉ်ရှိသည့် လူသတ္တ၀ါဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့တွေ့ကြုံ ရသည့် အမှုအရာမှန်သမျှတွင် ၀ိညာဉ်ရေးအမြင်ဖြင့် ရှုမြင်သုံးသပ်ရပါမည်။ စွဲလမ်းမှုနှင့်ပတ်သက်၍လည်း ဤသဘောအတိုင်းပင် ဖြစ်သည်။

ကျွန်ုပ်တို့သည် ပုံမှန်မဟုတ်သည့် ကမ္ဘာကြီးတွင် သက်ရှင်နေထိုင်ကြပြီး ကျဆုံးပျက်စီးသောလူသားများ၏ အပြစ်ရလဒ်ကို တွေ့ကြုံရင်ဆိုင်နေကြ ရသည်။ ဤသို့ဆိုရာ၌ ဘုရားသခင် ဖန်ဆင်းကောင်းချီးပေးခဲ့သည့် မူလ…

စွဲလမ်းမှုကို သင်ခံစားနေရသလား

အောက်ပါ မေးခွန်း ၃ ခုက စွဲလမ်းမှုကို သင်ခံစားနေရခြင်း ရှိ/မရှိ ဆုံးဖြတ်နိုင်ရန် သင့်ကို အကူအညီပေးနိုင်ပါသည်။

• ယခင်ကထက် အရာဝတ္ထုတစ်ခုခုကို မကြာခဏ သုံးစွဲနေပါသလား။ သို့မဟုတ် အပြုအမူတစ်ခုခုကို သင် မကြာခဏ ပြုမူနေမိပါသလား။

• သင်၌…

ဓာတုဆေးဝါး သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မှီခိုမှု

အချို့သော စွဲလမ်းမှုများသည် ဇီဝကမ္မနှင့်ဆိုင်သည့်သဘော ရှိသည်။ ဥပမာ- မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်များကို အထိန်းအချုပ်မရှိ သုံးစွဲခြင်းသည် ဓာတုဆေးဝါးစွဲလမ်းခြင်းကို ဖြစ်စေသည်။ အချို့သော စွဲလမ်းမှုများမှာမူ အရာဝတ္ထုတစ်စုံတစ်ခုနှင့် ပတ်သက်မှုမျိုး မရှိပါ။ သို့သော် စွဲလမ်းမှုအားလုံး၌ စိတ်လှုပ်ရှားမှုနှင့် စိတ်ပိုင်းဆိုင်ရာခံစားမှု…

ဝမ်းမြောက်စွာ ကစားပါ

ကျွန်ုပ်တို့၏သား ဘရိုင်ယန်သည် အထက်တန်းကျောင်း ဘတ်စကက်ဘော နည်းပြ ဖြစ်သည်။ တစ်နှစ်တွင် သူတို့အသင်းသည် ဝါရှင်တန်ပြည်နယ် ဘတ်စကက်ဘော ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အသွားတွင် မြို့ပေါ်ရှိရင်းနှီးသော သူငယ်ချင်းများက “ဒီနှစ် မင်းတို့အသင်းအနိုင်ရမှာလား” ဟုမေးကြသည်။ ကစားသမားနှင့် နည်းပြဆရာ တို့သည် ဖိအားပေးမှုကို ခံစားရသည်။ ဘရိုင်ယန်က အသင်း၏ဆောင်ပုဒ်ကို “ဝမ်းမြောက်စွာ ကစားပါ” ဟု အမည် တပ်ပေးလိုက်သည်။

ရှင်ပေါလုက ဧဖက်မြို့ရှိ သင်းထောက်တို့အား “ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီးစေမည်” (တ ၂၀း၂၄) ဟု ပြောသောစကားကို ကျွန်ုပ်ဆင်ခြင်မိ သည်။ သူ၏ရည်မှန်းချက်သည် သခင်ခရစ်တော်ပေးအပ်သော အလုပ်ကို ပြီးစီးအောင် ဆောင်ရွက်ရန်ဖြစ်သည်။ “ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီးစေမည်” သို့တည်းမဟုတ် ဘရိုင်ယန်ပြောသကဲ့သို့ “ဝမ်းမြောက်စွာ ကစားပါမည်” ဟူသော ဆောင်ပုဒ်ကို ကျွန်ုပ်၏ဆောင်ပုဒ်နှင့် ဆုတောင်းအဖြစ်သတ်မှတ်လိုက်သည်။ ထိုနှစ်တွင် ဘရိုင်ယန်တို့အသင်းသည် ပြည်နယ်…